Tuesday, June 10, 2008

ကြင်သူမသိတဲ့ အချစ်


မခေါ်ဘူးနော်
နွေကန္တာလမ်း
စမ်းရေလည်းခန်း
ပန်းလည်းနွမ်းလို့။

မပျော်ဘူးနော်
ကြင်နာသူဝေး
လွမ်းတေးသီငှက်
တေးဆိုလျှက်မို့။

မငိုဘူးနော်
နှစ်ကိုယ်ချစ်ဖို့
ကြောင်းရယ်မဖန်
ဆိုင်သူကိုယ်စီရှိသောကြောင့်။

1 comment:

Unknown said...

အရမ်းကောင်းတဲ့ ကဗျာလေးနော်..တိုက်ဆိုင်မှုရှိတဲ့
သူတွေအတွက်တော့.....