
ညိုပြာပြာ
လတာပြင်
ခြေရင်း
လှိုင်းသက်ရာ
ဗေဒါတက်
လှိုင်းသက်ရာ
ဆင်းဆင်းရလဲမသက်သာ
အုန်းလက်
ကြွေရေဘော
လောမျောစုန်လို့လာ
အဆင်း
နှင့်အလာ မဗေဒါအထွေးအုန်းလက်ကြွေသူ့နံဘေး ဆောင့်ခဲ့ရသေး ဆောင့်ခဲ့လဲမသက်သာ နောက်တကြိမ်ဒီတစ်လုံးဖုံးလိုက်ပြန်ပါ မြုပ်ပြန်ပေါ့ပေါ်မလာ မဗေဒါအလှတလံကွာလှိုင်းအကြွ ပေါ်လိုက်ပြန်ရ ပေါ်ပြန်လည်းမသက်သာချောင်းအငယ်မြောင်းစွယ်ထဲက ဘဲထွက်လို့လာဘဲအုပ်ကတစ်ရာနှစ်ရာ မဗေဒါက တပင်ဘဲ အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲပန်းပန်လျက်ပဲ။