Friday, November 9, 2007

တမ်းတမိခြင်း

မြေကြီးထဲမှာ
အေးစက်လို့နေပါပကော။
နှင်းထူထူတွေကလည်း
မင်းအပေါ်မှာ
ထပ်ထပ်ဆင့်လို့
မို့မြင့်ခဲ့ပါပကော။
အဝေး
ဝေးလှတဲ့သေခြင်းရွာဆီ
လိုက်ပါသွားခဲ့ရတော့
သုဉ်းဆိတ်တဲံ့မြေပုံတွင်းမှာ
ကွယ်......
မင်း......
အေးစက်ခဲ့ပါပြီကော။
ငါ့ရဲ့
တစ်ဦးတည်းသောချစ်သူရေ
တို့တစ်တွေနှင့်တကွ
ရှိသမျှတွေကိုတိုက်စားပစ်တဲ့
အချိန်ဆိုတဲ့လှိုင်းက
ခွဲပိုင်းပစ်လိုက်တော့
မင်းကိုချစ်ဖို့
ငါမေ့လို့သွားပြီလား။
တောချုံပြင်နှင့်
ဍရင်ကောက်ပင်တွေက
မမြင်အောင်ဖုံးထားတဲ့
မြင့်မြတ်တဲ့
မင်းရဲ့
နှလုံးသားရှိရာအဲသည်နေရာလေးမှာပဲ
ငါ့စိတ်တောင်ပံတွေဟာ
ထာဝရ...
အစဉ်ထာဝရ
ရုပ်သိမ်းရပြီလား။
ငယ်ငယ်ကတည်းက
သိပ်ချစ်ရသူရေ
မြေကြီးထဲမှာ
အေးစက်လို့နေပါပကောနော်။...
Emily Bronte(1818-1848)

No comments: