ပုဂံခေတ်ပေါ်ကဗျာတစ်ပုဒ်လို့ရှေးသူဟောင်းတွေမိန့်ဆိုခဲ့ပါတယ်။
ဒါပေမယ့်ကဗျာမှာပါတဲ့“ကြငှန်း”ဆိုတဲ့
အသုံးဟာအင်းဝခေတ် ရောက်မှသာပေါ်ပေါက်ခဲ့တယ်လို့ပညာရှင်တို့မိန့်ဆိုခဲ့ကြပါတယ်။ပြောချင်တာကနောက်ခံသမိုင်းကြောင်း
ပါ။သေခါနီးဆဲဆဲလူသတ်ကုန်းပေါ်မှရေးသွားခဲ့ပေမယ့်အနှစ်သာရအလွန်ပြည့်ဝပြီးတရားသဘောအဆီအနှစ်တွေနဲ့ဖုံးလွှမ်းနေတဲ့အတွက်တင်
ပြလိုက်ပါတယ်။
သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းစံ
မတ်ပေါင်းရံလည်း
စည်းစိမ်မကွာ
မင်းချမ်းသာကား
သမုဒ္ဒရာထက်
တက်၍ပွက်သည့်
ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား
ငါ့အားမသတ်
ယခုလွှတ်လည်း
မလွတ်ကြမ္မာ
ခန္ဓာခိုင်ကြဉ်
အတည်မမြဲ
ဖောက်လွဲတတ်သည်
မချွတ်စတာ
သတ္တ၀ါတည်း။
( အနန္ဒသူရိယ)
(ထပ်ဆက်ပါဦးမည်။)
ပါ။သေခါနီးဆဲဆဲလူသတ်ကုန်းပေါ်မှရေးသွားခဲ့ပေမယ့်အနှစ်သာရအလွန်ပြည့်ဝပြီးတရားသဘောအဆီအနှစ်တွေနဲ့ဖုံးလွှမ်းနေတဲ့အတွက်တင်
ပြလိုက်ပါတယ်။
သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းစံ
မတ်ပေါင်းရံလည်း
စည်းစိမ်မကွာ
မင်းချမ်းသာကား
သမုဒ္ဒရာထက်
တက်၍ပွက်သည့်
ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား
ငါ့အားမသတ်
ယခုလွှတ်လည်း
မလွတ်ကြမ္မာ
ခန္ဓာခိုင်ကြဉ်
အတည်မမြဲ
ဖောက်လွဲတတ်သည်
မချွတ်စတာ
သတ္တ၀ါတည်း။
( အနန္ဒသူရိယ)
(ထပ်ဆက်ပါဦးမည်။)
No comments:
Post a Comment