Saturday, November 10, 2007

နုးညံ့သောနှလုံးသား ချွန်ထက်သောကလောင်သွား

ပန်းပန်လျှက်ပါ
ညိုပြာပြာလတာပြင်ခြေရင်း
လှိုင်းသက်ရာဗေဒါတက်
လှိုင်းသက်ရာဆင်း
ဆင်းရလဲမသက်သာ
အုန်းလက်ကြွေ
ရေဘောလော
မျောစုန်လို့လာ။
အဆင်းနှင့်အလာ
ဗေဒါမအထွေး
အုန်းလက်ကြွေသူ့နံဘေး
ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လဲမသက်သာ
နောက်တကြိမ်ဒီတစ်လုံး
ဖုံးလိုက်ပြန်ပါ
မြုပ်ပြန်ပေါ့ပေါ်မလာ
မဗေဒါအလှတလံကွာ
လှိုင်းအကြွပေါ်လိုက်ပြန်ရ
ပေါ်ပြန်လည်းမသကသာ
ချောင်းအလယ်မြောင်းဆွယ်ထဲက
ဘဲထွက်လို့လာ
ဘဲအုပ်ကတစ်ရာနှစ်ရာ
မဗေဒါက တပင်တည်း
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲပန်းပန်လျက်ပဲ။
(ရာဇော်ဂျီအား အစဉ်လေးစားလျက်)

2 comments:

hkhaing said...

see u again

အောင်လေး said...

အဲဒီ ကဗျာလေးကို သားလည်းအရမ်းကြိုက်တယ်...